ပထမတန်းအတွင်းတိမ်ခွဲစိတ်မှု

အတွင်းတိမ်ဆိုသည်မှာ

ကျွှနု်ပ်တို့၏ မျက်လုံးတွင် မွေးရာပါသဘာဝကပေးထားသော မှန်ဘီလူးအကြည်ရှိကြသည်။ အသက် ၄၀-၅၀ မှစ၍ ထိုမှန်ဘီလူးသည်
အသက်ကြီးလာသည်နှင့်အမျျှ တိမ်လိုဖုံး၍ မှုန်ဝါးလာပြီး အမြင်စွမ်းအားကို ထိခိုက်လာသည်။ အရမ်းဆိုးရွားလာပါက
အမြင်စွမ်းအားဝေဝါးမှုသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လာနိုင်ပါသည်။ ဆေးပညာအားဖြင့် မှန်ဘီလူးအကြည်လေးသည်
စတင်ဝေဝါးလာပါက အတွင်းတိမ်ဟုခေါ်ဆိုပြီး ဝေဝါးမှုပုံစံအမျိုးမျိုးကို အတွင်းတိမ်အမျိုးအစားအမျိုးမျိုးအဖြစ်သတ်မှတ်ကြသည်။
အတွင်းတိမ်ဆိုသည်မှာ အသက်ကြီးလာသည်နှင့်အမျှမှန်ဘီလူးဝေဝါးပြီး ထူထပ်လာပြီးနောက် အမြင်အရုံကို ပျက်စီးစေမည်ဖြစ်သည်။
အတွင်းတိမ်ရှိသူတစ်ဦး၏ အမြင်အာရုံမှာ ညစ်ပတ်ဖုန်တက်နေသောမျက်မှန်တစ်စုံနဲ့ ကြည့်ရသလိုဝေဝါးနေမည်ဖြစ်သည်။ သို့ရာတွင်

ညစ်ပတ်နေသောမျက်မှန်ကို အဝတ်နှင့်သန့်ရှင်းလိုက်လျှင် ရနိုင်သော်လည်း အတွင်းတိမ်၏ ဇစ်မြစ်ဖြစ်သည့် မှန်ဘီလူးကိုတော့ အလွယ်တကူ
မသန့်ရှင်းနိုင်ပေ။ အတွင်းတိမ်၏ ရင့်ကျက်မှုအဆင့်တစ်ခုရောက်လျှင် အမြင်အာရုံကြည်လင်စေရန် မျက်စိအတွင်းတိမ်ကို ခွဲစိတ်၍ ဖယ်ရှားရန်
မျက်စိဆရာဝန်မှ ညွှန်ကြားကုသပေးလေ့ရှိသည်။ ယခုအခါ အတွင်းတိမ်ခွဲစိတ်မှုနည်းပညာများမှာ တိုးတက်လျက်ရှိရာ လူနာများအတွက်
ရွေးချယ်စရာနည်းလမ်းများ အရင်ကထက်ပိုမိုများပြားလာပြီဖြစ်သည်။

အတွင်းတိမ်ခွဲစိတ်မှုဆိသည်မှာ

Eversight မျက်စိဌာနတွင် ရိုးရိုးအတွင်းမှန်ဘီလူးထည့်သွင့်ပြီး အတွင်းတိမ်ခွဲစိတ်ခြင်းနှင့် အရည်အသွေးကောင်းမွန်သောခွဲစိတ်မှုနှစ်မျိုးကို
လုပ်ဆောင်ပေးလျက်ရှိသည်။ ထိုနှစ်မျိုးလုံးသည်အကောင်းဆုံး ရလဒ်ရရှိကာ ခွဲစိတ်မှုနည်းပညာများ၊ ခေတ်မီသောစက်ကိရိယာများနှင့်
implants များဖြင့် လူနာများ၏ အမြင်အာရုံ ပြန်လည်ထိန်းသိမ်းနိုင်လျက်ရှိသည်။ ရိုးရိုးအတွင်းတိမ် ဖြတ်ထုတ်၍
မှန်ဘီလူးအစားထိုးကုသနည်းမှာ အာထရာဆောင်းစွမ်းအင်ကို အသုံးပြု၍အတွင်းတိမ်ကို လှီးဖြတ်ပြီး ဖောက်ထုတ်ခြင်းဖြစ်သည်။ ပြီးလျှင်
ပြုပြင်ထိန်းညှိထားသော မှန်ဘီလူးကို အစားထိုး ပြန်လည်ထည့်သွင်းခြင်းဖြင့် အလင်းများကို မျက်လုံး၏ အနောက်ဘက် အာရုံခံလွှာတွင်
စုဆုံစေခြင်းဖြင့် ကြည်လင်သော အမြင်အာရုံကို ရရှိမည်ဖြစ်သည်။
ဤခွဲစိတ်မှုသည် များသောအားဖြင့် လူနာ၏အာမခံအဖွဲ့အစည်းမှ တာဝန်ယူလေ့ရှိပြီး အကောင်းဆုံးမြင်ကွင်းကိုလဲရရှိမည်ဖြစ်ပါသည်။
အရည်အသွေးကောင်းမွန်သော Premium ပထမတန်းစား မှန်ဘီလူး အစားထိုးမှုတွင် ရိုးရိုးသာမန်ရိုးကျ အတွင်းခွဲစိတ်မှုအပြင် အထူးအားဖြင့်
မျက်မှန်မလိုအပ်တော့အောင် ပြုပြင်ပေးနိုင်ေသောနည်းလမ်းများ၊ ခွဲစိတ်မှု ပိုမိုတိကျသေးစိတ်သောညှင်သာစေသော နည်းလမ်းပါ
ပါဝင်ပေသည်။ ဥပမာ အထူးပြု ခွဲစိတ်နည်းပညာ (သို့) ပထမတန်းစားမှန်ဘီလူးအစားထိုးခြင်းများသည် Astigmatism ဟုခေါ်သောမျက်စိ
ဆုံချက်မညီခြင်းနှင့် အသက်ကြီးခြင်းကြောင့် အနီးရှိ အရာဝတ္ထုများကို ကောင်းစွာ စူးစိုက်မမြင်ခြင်းများကိုပါ ပြုပြင်ပေးနိုင်မည်ဖြစ်ပြီး
မျက်မှန်လို်အပ်ခြင်းကို လျော့ချပေးနိုင်ပါသည်။ ထိုနည်းလမ်းများတွင် Toric, Multifocal, Extended Depth of Focus lens implants and
corneal limbal relaxing incisions တို့ပါဝင်ပါသည်။

အခြားနည်းလမ်းမှာ လေဆာအသုံးပြုအတွင်းတိမ်ကုသပေးခြင်း ကွန်ပျူတာလေဆာနည်းလမ်းဖြင့် နူးည့ံအသေးစိတ်သော
မျက်လုံးခွဲစိတ်မှုပြုလုပ်ပေးခြင်းဖြစ်သည်။ လေဆာရောင်ခြည်ဖြင့် အတွင်းတိမ်အားပျော့ပျောင်းသွားစေပြီး ခွဲစိတ်ဆရာဝန်မှ
ခြစ်ထုတ်သောအခါ ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
ဤနည်းလမ်းမှာ ဓားမလိုသောအတွင်းတိမ်ခွဲစိတ်မှုလဲဖြစ်သည်။ အကြောင်းမှာ လေဆာရောင်ခြည်ဖြင့် လိုအပ်သော
ခွဲစိတ်မှုများပြုလုပ်သွားခြင်းကြောင့်ဖြစ်သည်။ ပိုမိုတိကျလွယ်ကူသော ခွဲစိတ်မှုများဖြင့်ပြုလုပ်ခြင်းကြောင့် ဘေးပတ်ဝန်းကျင်ရှိ
မျက်လုံးအသားများအား ထိခိုက်မှု နှင့် ခွဲစိတ်ခြင်းကြောင့် မလိုလားအပ်သော ဖြစ်စဉ်များကိုပါ လျော့ချနိုင်မည်ဖြစ်သည်။
ဤခေတ်ပေါ်နည်းပညာများသည် လူနာများအတွက် ရွေးချယ်မှု ပိုမိုများပြားလာစေပြီး နူးည့ံသောခွဲစိတ်မှုဖြင့် အိုမင်းနေသောမျက်လုံံးတစုံကို
အသစ်တဖန်ပြန်လည်ရရှိစေပြီး အမြင်အာရုံ ကြည်လင်တိုးတက်စေမည်ဖြစ်သည်။ လူနာများသည်ဤ နည်းလမ်းကိုအသုံးပြုပြီးနောက်
မျက်မှန်ထပ်တပ်စရာမလိုတော့ပေ။ ဤ အတွင်းတိမ်ခွဲစိတ်ကုသနည်းသည် အာမခံကုမ္ပဏီများ၏ ပေါ်လစီတာဝန်ယူမှုအပို်င်းတွင် ပါဝင်ခြင်း
မရှိ၍ လူနာများကိုယ်တိုင် ကုန်ကျစရိတ်ကျခံရမည်ဖြစ်သော်လည်း အကျိုးရလဒ်သည် ကုန်ကျစရိတ်နှင့်ယှဉ်လျှင် အလွန်ထိုက်သင့်နေပေသည်။
မှန်ကန်သောဆုံးဖြတ်ချက်ချနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ခွဲစိတ်ဆရာဝန်နှင့် အချိန်မရွေး တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

အဆက်အသွယ်မပြတ် နေကြပါစို့

  • This field is for validation purposes and should be left unchanged.
  • * All indicated fields must be completed.
    Please include non-medical questions and correspondence only.

Eversight Eye Center၂၀၂ Canal လမ်း, တိုက်ခန်း ၄၀၁ နယူးယောက်၊ NY ၁၀၀၁၃
တယ်လီဖုန်း ၂၁၂-၉၆၆-၇၅၈၃
Fax: 212-966-7582

Lower Manhattan / Directions »