ဆေးခန်းနှင့်ပတ်သက်၍

ဆရာဝန်နှင့်တွေ့ဆုံရန်

အင်ဒရူးနိုင်, MD

အတ္ထုပ္ပတ္တိ
  • ကော်လိပ် : ကောနယ်လ်တက္ကသိုလ်: B.S.
  • ဆေးတက္ကသိုလ် – NYU school of medicine, M.D.
  • အလုပ်သင်ဆေးရုံ – Lenox Hill Hospital, Internal Medicine
  • နေထိုင်: မျက်လုံးပညာရပ်ဆိုင်ရာ အဲလ်ဘတ်အိုင်းစတိုင်း ဆေးပညာကောလိပ်
  • အလုပ်သင်ဆေးရုံ Residency – Albert Eistein ဆေးကော်လိပ် မျက်စိဘာသာရပ်
  • Board ဘုတ်မှတ်ပုံတင် – အမေရိကန် မျက်စိဘာသာရပ်
  • အဖွဲ့ဝင် – တရုတ်အမေရိကန်ဆေး အဖွဲ့အစည်း

Andrew Naing နိုင်,MD သည် နယူးယောက်ရှိ ဘုတ်အဖွဲ့အသိအမှတ်ပြု မျက်စိဆရာဝန်တစ်ဦးဖြစ်ပြီး
Eversight မျက်လုံးဌာနတွင်အလုပ်လုပ်လျက်ရှိပါသည်။ သူသည် နည်းပညာရပ်များကို
စိတ်ဝင်စားလေ့ရှိပြီး တနေ့ထက်နေ့ ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုကို
ပေးနိုင်ရန်ကြိုးစားလျက်ရှိသည်။

“ဆေးပညာနဲ့ ဗဟုသုတ၊ အတွေ့အကြုံ၊ နည်းပညာ၊ လူနာများကို ဝေဒနာသက်သာစေချင်သော
စိတ်စေတနာတို့ ပေါင်းစပ်လိုက်တော့ ကျွန်တော်တို့ဆီမှာ အကောင်းဆုံးဆေးပညာကုသမှု
တရပ်ဖြစ်လာတာပေါ့။
ဒီလိုအကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် ကျွန်တေ်ာတို့ စွမ်းစွမ်းတမံ
ကြိုးစားနေပါတယ်။ ဒီနေ့ခေတ်ကမ္ဘာမှာ နည်းပညာဟာ လူတွေကြားထဲမှာ ကြိုးတံတားလိုပဲ
အချင်းချင်း အဆက်အသွယ်မပြတ်အောင် လုပ်ဆောင်ပေးပြီး နောက်ဆုံးပေါ် ကုသမှု
အမျိုးအစားတွေကိုလဲ လူတွေဆီကို ယူဆောင်လာပေးတယ်။ ခေတ်မီဆေးပညာနှင့် မျက်စိဆိုင်ရာ
ဘာသာရပ်တွေ ပေါင်းစပ်လိုက်တော့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အချိန်တွေဖြစ်လာခဲ့တယ်။
အခုဆိုရင် လွန်ခဲ့တဲ့ နှစ်အနညး်ငယ်ကမလုပ်ဆောင်နိုင်ခဲ့တဲ့ ဆေးကုသမှုမျိုးကို လူနာတွေရဲ့
မျက်စိအလင်းနှင့် သူတို့ရဲ့မျက်စိဆိုင်ရာရောဂါတွေအတွက် ကုသပေးနိုင်ပြီဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုတိုးတက်မှုတွေ ရှိနေသော်လည်း လူနာရဲ့ အဓိကဝေဒနာနဲ့ ပြဿနာတွေကို
ပြေလည်ရန်နည်းလမ်းအမျိုးစုံကို နားလည်ဖို့နဲ့ ဆေးဝါးနဲ့ ကုသမှုတွေသာမက အမူအကျင့်နဲ့
နေထိုင်မှုပုံစံတွေ ပြောင်းလဲပေးဖို့လဲ အလွန်လိုအပ်ပါတယ်။ ကျွန်တော်ယုံကြည်တယ်
လူနာများကိုယ်တိုင်တက်ကြွစွာ
ပါဝင်လာပြီး အပြန်အလှန်ပြောဆိုဆက်သွယ်ရေးကလဲ အရမ်းကိုအရေးကြီးလှပါတယ်။
ပြောဆိုဆက်သွယ်မှုကောင်းမွန်ခြင်းကြောင့် ဆရာဝန်တွေဟာ လူနာတွေရဲ့ ရောဂါအခြေနေနဲ့
ကုသမှုနည်းလမ်းကိုပါ ပိုမိုနားလည်လာပြီး ရောဂါအစစ်အမှန်ကို ရှာဖွေကုသနိုင်မှာဖြစ်ပါတယ်။
လူနာတွေကိုယ်တိုင်ကလဲ ဆေးကုသရေးမှာပါဝင်လာပြီး သူတို့ကိုယ်တိုင် ကုသ
ပြုပြင်လာနိုင်မှာဖြစ်ပါတယ်။ ဒီနည်းနဲ့ လူနာတွေဟာဘေးလူအနေနဲ့မဟုတ်ပဲ
တကယ်ပါဝင်လုပ်ဆောင်သူဖြစ်လာမှာဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့နားလည်တဲ့အတွက်
ကျွန်တော်တို့ရုံးခန်းက ဘာသာစကား ၅ မျိုးနဲ့ ဆက်သွယ်နိုင်အောင် လုပ်ထားပါတယ်။
ကျွန်တော်တို့ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကမ္ဘာမှာ နေထိုင်နေကြပြီး လူနာတွေရဲ့ မျက်စိတွေကို
စောင့်ရှောက်မှုပေးနိုင်တဲ့နေရာမှာ ပါဝင်ခွင့်ရတာအလွန်ပဲ ဂုဏ်ယူမိပါတယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော် လူတွေအားလုံးကို မျက်စိအမြင်ပိုမိုကောင်းမွန်ပြီး
ပိုမိုကျန်းမာစေဖို့ဆုမွန်ကောငး်တောင်းလိုက်ပါတယ်”

ကျွန်ုပ်တို့ဝန်ထမ်းများနှင့်တွေ့ဆုံရန်

ကျွန်ုပ်တို့ဝန်ထမ်းတွေကို လေ့ကျင့်ပေးတဲ့အခါ လူနာ၏ကျန်းမာရေးဝန်ဆောင်မှုသည်
ပထမအရေးကြီးဆုံးဖြစ်သည့်အချက်ကို ထည့်သွငး်သင်ကြားပေးသည်။ ထိုအချက်သည် ကျွန်ုပ်
တို့စိတ်ထဲမှာ ဆင်းဝင်သွားသောအခါ အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ ပညာရှင်ပီသခြင်း၊
ကူညီစိတ်အပြည့်ရှိခြင်းတို့ဟာ သဘာဝအတိုင်းဖြစ်ပေါ်လာမည်ဖြစ်သည်။ ကျွန်ုပ်တို့ အကောင်းဆုံးလို့
အမွှန်းတင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့စိတ်ဆန္ဒထဲကနေ ကျန်းမာရေး ဝန်ဆောင်မှု
အကောငး်ဆုံးကိုပေးနိုင်ဖို့ပဲ မျှော်လင့်တာပါ။

ရုံးခန်းအားလှည့်လည်ကြည့်ရှုရန်

သန့်ရှင်းဆိတ်ငြိမ်သော ကျွန်ုပ်တို့ရုံးခန်းသည် ထည်ဝါစွာ တည်ရှိပါသည်။ ရိုးရှင်းသော
အနုပညာပြယုဂ်တခုဖြစ်သည်။ ခေတ်မီပြီး ကျော့ရှင်းသည်။ သင့်အနေနဲ့ ဆေးခန်းတွင်
စောင့်ဆိုင်းနေချိန်အတွင်း စိတ်ဖိစီးမှုကိုလျော့ချပြီး စိတ်ကြည်နူးမှုပါခံစားနိုင်အောင် စီစဉ်ထားသည်။
ဗိသုကာပညာရှင် MojoStumer and Associates နှင့် Andrew Naing, MD တို့ ပေါင်းစပ်မှုဖြင့်
အရမး်ကိုလှပသော ဒီဇိုင်းဖြင့် ကြွရွနေသည်။ သင်သည် နည်းပညာနှင့် ဗိသုကာစွမ်းအားများကို
တွေ့မြင်ခံစားနိုင်သည်။ ကျွန်ုပ်တို့လူနာများသည် သူတို့ဆေးခန်းကိုလာသောအခါ
စိတ်ပေါ့ပါးလန်းဆန်းစေသည်ဟု ချီးကျူးစကားပြောကြားလေ့ရှိသည်။ ဒါသည်လည်း
ကျန်းမာရေးဝန်ဆောင်မှုစနစ်တွင် လူနာ၏ ယုံကြည်မှု တည်ဆောက်ရာမှာ လိုအပ်သည့် ပတ်ဝန်းကျင်၏
အရေးပါပုံ ပြယုဂ်တခုပင်ဖြစ်သည်၊


အဆက်အသွယ်မပြတ် နေကြပါစို့

  • * All indicated fields must be completed.
    Please include non-medical questions and correspondence only.
  • This field is for validation purposes and should be left unchanged.

Eversight Eye Center၂၀၂ Canal လမ်း, တိုက်ခန်း ၄၀၁ နယူးယောက်၊ NY ၁၀၀၁၃
တယ်လီဖုန်း ၂၁၂-၉၆၆-၇၅၈၃
Fax: 212-966-7582

Lower Manhattan / Directions »