ရေတိမ်ဌာန

ရေတိမ်ဆိုသည်မှာ?

ရေတိမ်ဆိုသည်မှာအမြင်အာရုံကြော တဖြည်းဖြည်းပျက်စီးခြင်းကြောင့်
အမြင်အာရုံတဖြည်းဖြည်းဝေဝါးလာပြီး နောက်ဆုံးမျက်စိမမြင်နိုင်တော့သောရောဂါဖြစ်သည်။
အမြင်အာရုံကြောသည် မြင်ကွင်းအတွက် အရေးကြီးသည့် အခန်းကဏ္ဏတွင်ပါဝင်ပြီး မျက်လုံး၏
အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။
သူသည် မျက်လုံး၏ အမြင်အာရုံ ယန္တရားနှင့် ဦးနှောက်ကို ဆက်သွယ်ပေးပြီး
အမြင်အာရုံသတင်းအချက်အလက်များကို ဗဟိုဌာနသို့ ပေးပို့လုပ်ဆောင်သည်။ ထိုအာရုံကြောကို
တစုံတရာ ထိခိုက်မှုရှိပါက သတင်းပေးပို့ခြင်းကို ထိခိုက်နိုင်ပြီး အမြင်အာရုံကို အမျိုးမျိုး
ထိခိုက်နေနိုင်သည်။
ရေတိမ်တွင် အာရုံကြောထိခိုက်ခြင်းနှင့် အတွင်းရှိ မျက်လုံးဖိအားမြင့်တက်ခြင်း တွဲလျက်
ဖြစ်ပေါ်တတ်သည်။ သို့သော် ရေတိမ် ၇ ယောက်တွင် ၁ ယောက်မှာတော့ အတွင်းရှိ မျက်လုံးဖိအား
ပုံမှန်ရှိနေတတ်သည်။

အကြမ်းဖျဉ်းအားဖြင့် ရေတိမ်ရောဂါဖြစ်စဉ်သည် တဖြည်းဖြည်းနဲ့ ရေရှည်အမြင်အာရုံအား
ထိခိုက်လေ့ရှိသော်လည်း တခါတရံ တချို့သောလူနာများတွင် မြန်ဆန်စွာ ရုတ်တရက်
ဆိုးရွားသွားနိုင်သည်။
သမားတော်များ စိုးရိမ်လေ့ရှိသည်မှာ ရေတိမ် ရောဂါရှိသူများသည် များသောဖြင့် သူတို့တွင် ရေတိမ်
ရောဂါရှိသည်ဟု မခံစားမိကြပဲ တစုံတရာ မှားယွင်းနေကြောင်း ရောဂါအရမ်းမပြင်းထန်သည်အထိ
မေ့လျော့မသိရှိနိုင်ကြပေ။ အကြောင်းမှာ ရောဂါကနဦးတွင် ဘေးဘက်အမြင်စက်ကွင်းသာ
ထိခိုက်လေ့ရှိပြီး အလယ်စက်ကွင်းကိုမထိခိုက်ပဲ ကောင်းမွန်စွာမြင်ရခြင်းကြောင့်ဖြစ်သည်။
ထို့်ကြောင့် လူနာများမှာ အမြင်စက်ကွင်း အစိတ်အပိုင်းဝေဝါးနေသော်လည်း မသိရှိနိုင်ခြင်းဖြစ်သည်။

ရောဂါဆိုးလာသည်နှင့်အမျှ အမြင်အာရုံမှာ အလယ်စက်ကွင်းသို့ တိုးချဲ့လာပြီး မြင်ကွင်းအကျယ်သည်
လိုဏ်ခေါင်းထဲတွင် မြင်ရသကဲ့သို့ ဘေးနှစ်ဖက် အမြင်စက်ကွင်းကို ထိခိုက်လာပေမည်။

ထိုအဆင့်ရောက်သည့်တိုင် အမြင်အာရုံ ပျက်ဆုံးသည်ဟု လူနာများမှာ မခံစားသိရှိရပေ။
အလယ်စက်ကွင်းအမြင်အာရုံ သိသိသာသာထိခိုက်လာမှသာ လူနာများသည် အမြင်ဝေဝါးခြင်း၊
ကောင်းမွန်စွာ မမြင်ရခြင်း လက္ခဏာများဖြင့် ဆရာဝန်ထံ တိုင်ကြားရောက်ရှိလာကြသည်။
ဤအကြောင်းစာရင်းများကြောင့် လူနာများတွင် လက္ခဏာမပေါ် ကြပေ။
အမြင်အာရုံအလယ်စက်ကွင်းထိခိုက်သည့် ဆိုးရွားသောရေတိမ်အဆင့်မတိုင်ခင် ကံဆိုးစွာဖြင့်
အမြင်အာရုံကြောထိခိုက်ပြီးပါက ပြန်လည်ပြုပြင်ကုသလိ်ု့မရနိုင်သဖြင့်
အမြင်စက်ကွင်းမပျောက်ကွယ်ရအောင်၊ ပိုမိုမဆိုးရွားသွားအောင် ပြုလုပ်ရန်အလွန်အရေးကြီးပေသည်။
အဓိကသော့ချက်မှာ စောစောရှာတွေ့လေ၊ စောစောကုသပြုပြင်နိုင်လေဖြစ်သည်။

ရေတိမ်ကိုတိုက်ဖျက်ရန် ကျွှန်ုပ်တို့ ဌာန၏ ခံယူချက်မှာ

၁။ ရေတိမ်ဖြစ်နိုင်ချေရှိသော လူနာများကို ရှာဖွေရန်
၂။ ပိုမိုဖြစ်နိုင်ချေရှိသောလူနာများကို အနီးကပ်သေချာကြပ်မတ်ကုသရန်

၃။ ရေတိမ်ရောဂါကို စောလျင်စွာ ရှာဖွေသိရှိရန်
၄။ ကနဦး အဆင့်တွင် ရေတိမ်ကို ကုသနိုင်ရန်
၅။ ကုသပုံနည်းအမျိုးမှာ ဆေးဝါးမှအစ ခွဲစိတ်နည်းအထိရှိပေသည်။ အရင်ကထက် နည်းပညာတိုးတက်
ဖွံ ့ဖြိုးလာသည်နှင့်အမျှ ရေတိမ်ရောဂါကုထုံးများသည် အရင်ကထက် ပိုမိုအန္တရာယ်ကင်း၍
ထိရောက်စွာ ကုသလာနိုင်ပြီဖြစ်သည်။ မျက်စဉ်းခပ်ခြင်းဖြင့် မျက်စိအတွင်းရှိဖိအားကို
လျော့ချပေးသည့်ကုထုံးမှာ အဓိကအရေးကြီးသောကုထုံးဖြစ်သည်။ အကယ်၍ မျက်စဉ်းဖြင့်
ကုသမရနိုင်ပါက ခွစိတ်ကုသရန်လိုအပ်သည်။ ကျွှန်ုပ်တို့တွင် ဆေးခန်းတွင်ပြုလုပ်နိုင်သော
ခွဲစိတ်မှုအသေးစားမှ ခွဲစိတ်ခန်းတွင်ပြုလုပ်ရသော ခွဲစိတ်မှုအကြီးစားအထိ ခွဲစိတ်ကုသမှု အမျိုးအစား
အများကြီးရှိပါသည်။
Minimally invasive surgery ဟုခေါ်ဆိုသော ခေတ်မီနောက်ဆုံးပေါ်ကုသနည်းမှာ ဖြစ်ပြီး
ခေတ်မီခွဲစိတ်ကိရိယာအသစ်များဖြင့် အရင်ကထက်ပိုမိုစိတ်ချမြန်ဆန်သော ခွဲစိတ်မှုများကို
ပြုလုပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်သင်သိလိုသမျှနှင့် ရွေးချယ်စရာခွဲစိတ်မှုများအကြောင်းကို
ရှင်းပြရန်ကျွှန်ုပ်တို့ဝန်ထမ်းများက အသင့် ရှိနေပါသည်။

 

အဆက်အသွယ်မပြတ် နေကြပါစို့

  • * All indicated fields must be completed.
    Please include non-medical questions and correspondence only.
  • This field is for validation purposes and should be left unchanged.

Eversight Eye Center၂၀၂ Canal လမ်း, တိုက်ခန်း ၄၀၁ နယူးယောက်၊ NY ၁၀၀၁၃
တယ်လီဖုန်း ၂၁၂-၉၆၆-၇၅၈၃
Fax: 212-966-7582

Lower Manhattan / Directions »