CRT မျက်ကပ်မှန် (အဝေးမှုန်သူများအတွက်)

Myopia ဆိုသည်မှာဘာလဲ?

Myopia မိုင်အိုးပီးယားခေါ် အဝေးမှုန်ရောဂါသည် ကလေးနှင့်လူကြီးတွင် ဖြစ်ပွားတတ်သော အဝေးရှိ
အရာတ္ထုများကို ကြည်လင်ပြတ်သားစွာ မမြင်နိုင်၍ အနီးရှိ အရာဝတ္ထုများကိုသာ မြငိနိုင်သော
ရောဂါတစ်မျိုး ဖြစ်သည်။ ရောဂါရင့်လေလေ အနီးကို တိုးကပ်၍ အားစိုက်ကြည့်ရလေဖြစ်သည်။
ထိုရောဂါသည် မျက်ဆန်အလုံးရှည်လာ၍ အဝေးရှိအရာဝတ္ထုများ၏ပုံရိပ်ကို မျက်စိအာရုံခံလွှာ(Retina)

ပေါ်တွင်ဆုံချက်လွှဲခြင်းကြောင့် အမြင်အာရုံဝေဝါးရခြင်းဖြစ်သည်။ အမြင်အာရုံ ဝေဝါးခြင်းကြောင့်
လူတစ်ယောက်၏ နေ့စဉ်လူနေမှုဘဝနှင့် လုပ်ငန်းဆောင်တာများကို ထိခိုက်နိုင်သည့်အပြင်
မျက်းလုံးကျန်းမာရေးကိုလဲ ရေရှည်အားဖြင့် ထိခိုက်လာနိုင်ပါသည်။ နောက်ဆက်တွဲဆိုးကျိုးများမှာ
မျက်စိအာရုံခံလွှာ ပြုတ်ထွက်ခြင်း၊ ယိုယွင်းပျက်စီးခြင်း၊ ရေတိမ်ဖြစ်ခြင်း၊ မျက်စိ အလင်း
လုံးဝကွယ်သွားခြင်းတို့ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ထိုသို့မဖြစ်အောင် ကာကွယ် ခြင်းသည်
လူတစ်ယောက်၏ ဘဝအတွက် လွန်စွာအရေးကြီးလှပေသည်။ အချို့လူနာများတွင် Myopia ဖြစ်ပွား
နှုန်းသည် တစ်နှစ်ထက်တစ်နှစ်ဆိုးရွားလာပြီး စိုးရိမ်အဆင့်သို့ ရောက်လာနိုင်ပါသည်။ ထိုသို့
ဖြစ်ခြင်းကို ပိုမိုဆိုးရွား Myopia ရောဂါဟု အမည်တပ်လေ့ရှိသည်။ Myopia ၏ အဓိကဖြစ်စေတတ်သော
အကြောင်းရင်းကို မသိရသော်လည်း မျိုးရိုးလိုက်ခြင်းသည် အဓိကပါဝင်ပါသည်။ မိဘတွင်မျိုးရိုးရှိပါက
ထိုလူတွင် ဖြစ်နိုင်ချေပိုများမည်ဖြစ်သော်လည်း ပတ်ဝန်းကျင် အနေအထားများကလဲ
ပါဝင်ပတ်သက်နေနိုင်သည်။ လေ့လာချက်များအရ အလွန်အမင်း အလုပ်လုပ်ခြင်း ဥပမာ မနားမနေ
စာဖတ်ခြင်း၊ ကွန်ပြူတာအသုံးပြုခြင်း၊ စမတ်ဖုန်း အသုံးပြုခြင်း၊ ဂိမ်းဆော့ခြင်းတို့သည်
ပိုဆိုးစေနိုင်သော အကြောင်းရင်းများ ဖြစ်ပါသည်။

ယေဘုယျအားဖြင့် ကလေးများတွင် မျက်လုံးသည် အသက်၂ဝအထိ
တိုးတက်ဖွံ့ဖြိုးလေ့ရှိသည်။ ကျွန်ုပ်တို့တွေ့ရှိချက်များအရ ထိုဖွ့ံဖြိုးနေသော ကာလအတွင်း
Myopia ဖြစ်ပွားနှုန်း အမြင့်ဆုံးဖြစ်သည်။ အမေရိကန်နိုင်ငံတွင်သာမက ကမ္ဘာနှင့်တဝန်း
အခုအခါ Myopia ဖြစ်ပွားနှုန်းမှာ ပိုမိုများပြားလာ၍ ကပ်ရောဂါလို့ အချို့ပညာရှင်များက
နာမည်တပ်ကြသည်။ လူထုအလိုက်လေ့လာမှုများအရ တိုင်းပြည်တစ်ခုသည်
စာပိုတတ်လာလေ Myopia ဖြစ်ပွားနှုန်းတက်လာလေဖြစ်သည်။ စင်စစ်အားဖြင့်

ယနေ့ခေတ်တွင် နည်းပညာတွေတိုးတက်လာလေလေ ထိုနည်းပညာကိရိယာစ္စည်းများဖြင့်
နေ့စဉ်ပိုမို အချိန်ကုန်လာလေလေဖြစ်သည်။

CRT ဆိုသည်မှာဘာလဲ?

CRT or Orthokeratology or Ortho-K ဆိုသည်မှာ မျက်ကပ်မှန်အမာမှန်ဘီလူးကို အသုံးပြု၍
လိုအပ်သော မျက်လွှာအခုံးပြုလုပ်၍ မျက်စိ အရှေ့ပိုင်းတွင် တပ်ဆင်ခြင်းဖြစ်သည်။
မှန်ဘီလူးအခုံးကို ပြားခြင်းဖြင့် အလင်းတန်းများကို လိုအပ်သောဆုံချက်တွင်
စူးစိုက်ပုံရိပ်ဖော်ခြင်းဖြင့် ကုသခြင်းဖြစ်သည်။ ဤနည်းဖြင့် Myopia ကို
သက်သာစေခြင်းဖြင့် အဝေးကအရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာမြင်နိုင်မည်ဖြစ်သည်။
လူနာသည် ဤပစ္စည်း(မျက်ကပ်မှန်)ကို အိပ်ချိန်အတွင်း ၇ မှ ၈ နာရီခန့်
ညစဉ်တပ်ဆင်ထားခြင်းဖြင့် တဖြည်းဖြည်း လိုအပ်သော မျက်ဆန်အလုံး၏ အခုံးပမာဏကို

၇ ရက်မှ ၁၄ ရက် အတွင်း ပြန်လည်ပုံသွင်းနိုင်ပေမည်။
အလုံးစုံကုသပြီးရန်အတွက်လူနာသည် နေ့ဘက်တွင် မျက်မှန်/မျက်ကပ်မှန် တပ်ရန်မလိုအပ်ပါ။
သို့ရာတွင် ညစဉ်မျက်ကပ်မှန်တပ်ဆင်ခြင်းကို ရပ်တန့်လိုက်ပါက အကျိုးရလဒ်သည် ပြောင်းပြန်
ဖြစ်ပေါ်ပြီး မူလရောဂါ ပြန်ဖြစ်ပေါ်လာနိုင်ပါသည်။ ထို့ကြောင့်လူနာသည် မျက်ကပ်မှန်ကို
ဆရာဝန်မှ ညွှန်ကြားချက်မပေးမချင်း မပျက်မကွက် ညစဉ် တပ်ဆင်ထားရပါမည်။ CRT သည်
FDA (အစားအသောက် နှင့် ဆေးဝါး ကွပ်ကွဲမှုအဖွဲ့အစည်း)၏ ထောက်ခံချက်ရရှိထားသော/
ခွဲစိတ်စရာမလိုပဲ ပြန်လည် ပြုပြင်ထိန်းညှိရနိုင်သော /လူကြီးကလေးမရွေးကုသနိုင်သော
နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။ အသက်အရွယ်မရွေးဟု ခွင့်ပြုထားသော်လည်း
ကျွန်ုပ်တို့သည် အသက် ၇ နှစ်အထက်မှသာ ဤနည်းလမ်းကို အသုံးပြုရန်
ကန့်သတ်ထားပါသည်။ အားကစားတွင် မွေ့လျော်သော၊ ရေကူးလေ့ရှိသော၊
မျက်မှန်မတပ်ချင်သောသူများသည် မျက်မှန်တပ်ရခြင်းမှကင်းဝေးခြင်း (သို့) နေ့ဘက်တွင်
မျက်ကပ်မှန်တပ်ရခြင်းမှကင်းဝေးခြင်း အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။ မျက်ကပ်မှန်တွင်
မျက်သားတက်ခြင်းကိုလျော့ချပေးသည့် အကျိုးကျေးဇူး အပိုတစ်ခုလဲ ပါဝင်ပေသည်။

လေ့လာတွေ့ရှိချက်များအရ CRT မျက်ကပ်မှန်တပ်ထားသူများသည် မတပ်ထားသူများထက်
ရောဂါ ပိုမိုဆိုးရွားနှုန်း သိသိသာသာနှေးကွေးစေသည်ကို တွေ့ရှိရသည်။ ဆိုလိုသည်မှာ
အမြင်အာရုံကို ရေရှည်အားဖြင့် ပိုမိုကြည်လင်ပြတ်သားစေသည့်အပြင်
နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် မျက်စိအာရုံခံလွှာ ပြုတ်ထွက်ခြင်း၊ ယိုယွင်းပျက်စီးခြင်း၊

ရေတိမ်ဖြစ်ခြင်း၊ မျက်စိ အလင်း လုံးဝကွယ်သွားခြင်းတို့ကို ဖြစ်ပွားနှုန်း
လျော့ချပေးမည်ဖြစ်သည်။

CRT မျက်ကပ်မှန်သည် သင့်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မည်။ (သို့)
အချက်အလက်များကို ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ မန်နေဂျာ Stevie or Winnie က
ရှင်းပြပေးရန်အသင့်ရှိနေပါမည်။

အဆက်အသွယ်မပြတ် နေကြပါစို့

  • * All indicated fields must be completed.
    Please include non-medical questions and correspondence only.
  • This field is for validation purposes and should be left unchanged.

[am_location loc=”1″]

{org}၂၀၂ Canal လမ်း, တိုက်ခန်း ၄၀၁ နယူးယောက်၊ NY ၁၀၀၁၃
တယ်လီဖုန်း ၂၁၂-၉၆၆-၇၅၈၃
Fax: {fax}

[/am_location]

[am_social_follow size="30" background="none" foreground="#a1779f" foreground_hover="#385b9a"]
Lower Manhattan / Directions »

[am_social_follow size="30" background="none" foreground="#a1779f" foreground_hover="#385b9a"]