ဆီးချိုကြောင့် ဖြစ်သောမျက်စိရောဂါစစ်ဆေးခြင်း

မျက်မှောက်ဆေးပညာထောက်ခံချက်များအရ ဆီးချိုဝေဒနာရှင်အားလုံးကို
တစ်နှစ်တစ်ခေါက် မျက်စိစစ်ဆေးပေးရမည်ဖြစ်ပြီး Retinopathy ဟုခေါ်သော
အာရုံခံလွှာ ယိုယွင်းမှုရှိပါက မကြာခဏ မျက်စိစစ်ဆေးပေးရမည်ဖြစ်သည်။ ဆီးချို
သွေးချိုရောဂါသည် သွေးထဲတွင် သကြားဓာတ်မြင့်တက်ခြင်းကြောင့်
ကိုယ်ခန္ဓာအစိတ်အပိုင်းများ ကို ထိခိုက်စေခြင်းဖြစ်ရာ မျက်စိကို

အားဖြည့်သောသွေးကြောလေးများ၏ နံရံကို ပျက်စီးစေ ခြင်းဖြင့်
မျက်စိအားပျက်စီးယိုယွင်းစေသည်။ ထိုကဲ့သို့ သွေးကြောလေးများ ပျက်စီးစေခြင်းဖြင့်
သက်ဆိုင်ရာကိုယ်ခန္ဓာအစိတ်အပိုင်းမှာ လုံးဝအလုပ်မလုပ်နိုင်တော့ပေ။ ဆီးချိုကြောင့်
အာရုံခံလွှာ အလွန်အမင်းပျက်စီးသွားပါက အမြင်အာရုံပျက်စီးပြီး စက္ခုအာရုံ လုံးဝ
ပျောက်ကွယ်သွားမည်ဖြစ်သည်။ သို့ရာတွင် အာရုံခံလွှာပျက်စီးခြင်းကို
စောစီးစွာသိရှိပါက အချိန်မီကုသနိုင်ပြီး အမြင်အာရုံ ပျက်စီး၍မျက်စိကန်းခြင်းကို
ကာကွယ်နိုင်ပေမည်။ ထို့ကြောင့် အချိန်မှန်မျက်လုံးစစ်ဆေးခြင်းသည်
ဆီးချိုရောဂါသည်များအတွက် အလွန်အရေးကြီးလှပေသည်။ ထို့အပြင်
သမားတော်မှလဲ မျက်လုံးထိခိုက်မှုအဆင့်ကို သိရှိခြင်းဖြင့် ဆီးချိုရောဂါကို
ကိုင်တွယ်ကုသမှု အဆင့်မည်မျှရှိသည်ကို ခန့်မှန်းနိုင်ပေသည်။ ဆိုလိုသည်မှာ
မျက်စိအာရုံခံလွှာ ဆိုးရွားသောအခြေအနေတွေ့ရှိရလျှင် သွေးတွင် သကြားထိန်းညှိမှု
ခက်ခဲနိုင်ပြီး အခြား ကိုယ်ခန္ဓာအစိတ်အပိုင်းများလဲ ထိခိုက်မှု ရာခိုင်နှုန်းပိုမည်ဖြစ်သည်။
သူတို့တင်စားကြသည်မှာ မျက်လုံးသည် စိတ်နှလုံး၏ ပြူတင်းပေါက်ပင် ဖြစ်သည်။
သမားတော်များအတွက်တော့ မျက်လုံးသည် လူနာတစ်ယောက်၏ ယေဘုယျ
ကျန်းမာရေးပြူတင်းပေါက်ပင်ဖြစ်သည်။ Eversight Eye Careတွင် နောက်ဆုံးပေါ်
စက်ပစ္စည်းကိရိယာများကို အသုံးပြု၍ ဆီးချိုကြောင့် အာရုံခံလွှာပျက်စီးမှု (diabetic
retinopathy) ကို ရှာဖွေစစ်ဆေးနိုင်မည်ဖြစ်ပြီး လိုအပ်သော ဆေးဝါးကုသမှုများကို
အချိန်မီစတင်နိုင်မည် ဖြစ်သည်။ ကျွှန်ုပ်တို့သည် မျက်စိအာရုံခံလွှာ
ပျက်စီးမှုအခြေအနေကို လူနာ၏သမားတော်များအား သတငိးပို့

ဆက်သွယ်ခြင်းဖြင့်ညသူတို့သည်လည်း သွေးတွင်းသကြားထိန်းညှိမှုကို ပိုမိုအကဲဖြတ်
လုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ သင့် တွင် ဆီးချို သွေးချိုရာဂါရှိပြီး
မျက်စိစစ်ဆေးမှုတစ်နှစ်ကျော်ပါက မျက်စိဆရာဝန်နှင့် ယခုပင်
ချိနိးဆိုမှုပြုလုပ်လိုက်ပါ။

အဆက်အသွယ်မပြတ် နေကြပါစို့

  • This field is for validation purposes and should be left unchanged.
  • * All indicated fields must be completed.
    Please include non-medical questions and correspondence only.

Eversight Eye Center၂၀၂ Canal လမ်း, တိုက်ခန်း ၄၀၁ နယူးယောက်၊ NY ၁၀၀၁၃
တယ်လီဖုန်း ၂၁၂-၉၆၆-၇၅၈၃
Fax: 212-966-7582

[am_social_follow size="30" background="none" foreground="#a1779f" foreground_hover="#385b9a"]
Lower Manhattan / Directions »

[am_social_follow size="30" background="none" foreground="#a1779f" foreground_hover="#385b9a"]